Credit to Popular Journal - ONE ပွဲစဉ်များနှင့် ဝေးကွာနေသည့် ရိုးရာဖိုက်တာ စိုးလင်းဦးသည် ထိုင်းဖိုက်တာ Worapon နှင့် ONE Friday Fights 139 ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်ကြောင်း တရားဝင်အသိပေးလာပြီဖြစ်သည်။ ပွဲစဉ်ကို ယခုလ ဇန်နဝါရီ (၂၃)ရက် ညနေ (၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး ဘန်တန်ဝိတ်တန်း မွေထိုင်းနည်းစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ စိုးလင်းဦးသည် ONE ၌ ဘန်တန်ဝိတ်တန်း ကစားနေသူ တစ်ဦးဖြစ်ပြီး ဒေါ်လာတစ်သိန်းတန်စာချုပ်ရပြီးနောက်ပိုင်း (၃)ပွဲကစားရာမှာ နာဘီးလ်၊ ဆက်ဆန်၊ ကော့ဗ်ထန်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထားသည်။ စိုးလင်းဦးသည် ONE- 173 ပွဲစဉ်တွင် လီရန်ဟာရစ်ဆင်နှင့် ထိုးသ-တ်ရန် စီစဉ်ထားခဲ့သော်လည်း ပွဲပျ-က်သွားခဲ့ရကြော င်း သိရသည်။ The post ONE ပွဲစဉ်နှင့် ဝေးနေသည့် ရိုးရာဖိုက်တာ စိုးလင်းဦး ထိုင်းဖိုက်တာနှင့် ထိုးသ-တ်မည် appeared first on Popular .