Credit to Popular Journal - ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာ ပိုမိုထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘဏ်နှစ်ဘဏ်သာမက ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကိုလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းကပြောသည်။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ PFI ဘဏ်များအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ကြရန်၊ မိမိတို့ ထုတ်ချေးပေးထားသည့် ချေးငွေများ ထိရောက်စွာအသုံးပြုမှုရှိ၊ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များက ပြန်လည်ပေးသွင်းရန် အချိန်စေ့ရောက်သည့် ချေးငွေအရင်း၊ အတိုးများကို ပုံမှန်ပေးဆပ်စေရေးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ ထို့နောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးမှုနှင့် အချိန်စေ့ငွေများကို ပြန်လည်ကောက်ခံရရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အစည်းအဝေးသို့ တတ်ရောက်လာသူများက ဆွေးနွေးပြောကြားခဲ့သည်။ The post ဆီစက်ချေးငွေအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သာမက ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကိုလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြု appeared first on Popular .