Credit to Popular Journal - ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR 72-600 လေယာဉ်နှစ်စီးကို အဌားစနစ်(Charter)ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းခရီးစဉ်များ ငှားရမ်း၍ လုပ်ငန်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။ ပြည်တွင်းရှိ လေကြောင်း ခရီးသွားလုပ်ငန်းအတွေ့အကြုံရှိ လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ထားခြင်းလည်း ဖြစ်သည်။ တင်ဒါပုံစံများကို ဇန်နဝါရီ ၁၄ ရက်နေ့ ၌ ရောင်းချမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဖေဖေါ်ဝါရီ ၆ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်ဖြစ်သည်။ တင်ဒါဖွင့်လှစ်ခြင်းကို မတ်လ ၆ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း၊ တင်ဒါကော်မတီက အသိပေးထုတ်ပြန်ထားသည်။ The post မြန်မာအမျိုးသားလေကြောင်း(MNA)မှ လေယာဉ်နှစ်စီးကို အငှားစနစ်ဖြင့် ပြည်တွင်းခရီးစဉ်လုပ်ငန်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ ဖိတ်ခေါ် appeared first on Popular .