ဂမ်ဘီယာနိုင်ငံ၏စွတ်စွဲချက်များသည် မြန်မာနိုင်ငံထံမှ လျော်ကြေးငွေရရှိရေးကိုသာ အဓိကရည်ရွယ်ထား

Credit to Popular Journal - မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ ဘင်္ဂါလီလူမျိုးများနှင့်ပတ်သက်သည့် စွတ်စွဲချက်များသည် မြန်မာနိုင် ငံထံမှ လျော်ကြေးငွေရရှိရေးကိုသာ အဓိကရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဂမ်ဘီယာနိုင်ငံ၏ ဦးဆောင်ရှေ့ နေ Arsalan Suleman မှ BBC သတင်းဌာနနှင့် အင်တာဗျူးဖြေကြားချက်များအရ သုံးသပ်တွေ့ရှိခဲ့ရသည်။ ဂမ်ဘီယာနိုင်ငံ၏ စွတ်စွဲမှုများသည် တရားမျှတမှုရရှိရေး၊ လူ့အခွင့်အရေးနှင့် ဘင်္ဂါလီလူမျိုးများအား မြန် မာနိုင်ငံမှ အသိအမှတ်ပြုရေးတို့ထက် နိုင်ငံရေးရည်ရွယ်ချက်၊ လျော်ကြေးငွေရယူလိုမှုတို့ကိုသာ ပိုမိုအာရုံစိုက်ဖြေကြားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့သည် လူ့အခွင့်အရေးနှင့် Genocide ခေါင်းစဉ်ကို ဗန်းပြနေသော်လည်း လက်တွေ့တွင် ဘင်္ဂါလီများအား မြန်မာနိုင်ငံ၌ အသိအမှတ်ပြုခံရရေးထက် မြန်မာနိုင်ငံထံမှ လျော်ကြေးငွေရယူလိုသည့်ရည် ရွယ်ချက်မှာ ပိုမိုထင်ရှားနေပြီး ဥပဒေကြောင်းအရ အမှုမနိုင်သေးခင်၊ တရားရုံးမှ အပြီးသတ်စီရင်ချက်မချရသေးခင်အချိန်ကပင် လျော်ကြေးငွေကိစ္စအား ဇောင်းပေးပြောဆိုနေခြင်းများမှာ အမှု၏နောက်ကွယ်ရှိ ၎င်းတို့၏ စေတနာမှန်ကို မေးခွန်းထုတ်စရာပင်ဖြစ်သည်။ အဆိုပါ […] The post ဂမ်ဘီယာနိုင်ငံ၏စွတ်စွဲချက်များသည် မြန်မာနိုင်ငံထံမှ လျော်ကြေးငွေရရှိရေးကိုသာ အဓိကရည်ရွယ်ထား appeared first on Popular .