Credit to Popular Journal - တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒများကို ဖော်ဆောင်လာကြခြင်းနှင့် ယွမ်ငွေကြေးပိုမိုခိုင်မာလာခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ ကြီးမားသော ပြည်ပခရီးသွားဈေးကွက်သည် ၂၀၂၆ ခုနှစ်တွင် ဆက်လက်တိုးမြင့်လာရန်ရှိနေသည်။ သို့သော် ပေကျင်းနှင့် တိုကျိုအကြား ဖြစ်ပေါ်နေသော နိုင်ငံရေးအငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသားဦးရေမှာ ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားနိုင်ကြောင်း လေ့လာသူများနှင့် ခရီးသွားလုပ်ငန်းအတွင်းလူများက ပြောဆိုသည်။ ပြည်မကြီးမှ တရုတ်ခရီးသွားများသည် ၂၀၂၆ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော်ခရီးစဉ် ၁၆၅ သန်းမှ ၁၇၅ သန်းခန့်အထိ သွားလာမည်ဟု မျှော်လင့်ရပြီး ယင်း အရေအတွက်သည် ပြီးခဲ့သည့်နှစ်က ခန့်မှန်းခဲ့သော ၁၅၅ သန်းထက် မြင့်တက်လာခြင်း ဖြစ်သည်ဟု ခရီးသွားဈေးကွက်ရှာဖွေရေးနှင့် နည်းပညာကုမ္ပဏီ ချိုင်းနားထရိတ်ဒင်းဒက်စ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ၎င်း ကိန်းဂဏန်းများတွင် ဟောင်ကောင်သို့ သွားရောက်ခြင်းအပြင် ဥရောပနှင့် အာဖရိကကဲ့သို့ ဝေးလံသောနေရာများသို့ […] The post ၂၀၂၆ ၌ တရုတ်၏ ပြည်ပခရီးသွားလာမှု၁၀သန်းအထိ မြင့်တက်လာမည် appeared first on Popular .