ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် SAC-M က တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်တပ်ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ-SAC-M က တိုက်တွန်းသည်။ မြန်မာနိုင်ငံအနှံ့ဆန့်ကျင်ကန့်ကွက်မှုများ၊ ရွေးကောက်ပွဲပထမပိုင်း လာရောက်မဲပေးသူ အလွန်နည်းပါးသည့်အခြေအနေများနှင့် နေရာအနှံ့ ရွေးကောက်ပွဲဆိုင်ရာမူမမှန်မှုများကို ဂရုမစိုက်ဘဲ မြန်မာစစ်အုပ်စုက ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန် စီစဉ်နေကြောင်း၊ ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲပထမပိုင်းတွင် အရှက်တကွဲ ဖြစ်ခဲ့ရကြောင်း၊ နေရာအနှံ့ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်မှုများသည် စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုကို ဆက်လက်ငြင်းပယ်ကာ တွန်းလှန်ဖီဆန်နေသည့် မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ပြတ်သားမှုကို ပြသနေကြောင်း SAC-M က ဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ လူသူကင်းရှင်းနေသော မြို့ပြလမ်းမများနှင့် မဲပေးသူမရှိသောမဲရုံများသည် စစ်အုပ်စု၏ တရားဝင်မှုလုံးဝမဲ့နေသောအဖြစ်ကို ထပ်မံပေါ်လွင်စေလျက်ရှိကြောင်း […] The post ကြံ့ဖွတ်ပါတီအနိုင်ယူရန် အကွက်ချထားသော မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနှင့်နိုင်ငံတကာ ပယ်ချကြရန် SAC-M က တိုက်တွန်း appeared first on Khit Thit Media .