ရန်ကုန်၊ ဇန်နဝါရီ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် လောင်းလုံး-ထားဝယ် မြို့နယ် အစပ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးရာတွင် နေအိမ်ထဲထိပါ ဝင်ရောက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က ငွေကြေးဖြင့် ပြန်လည် ထုတ်ယူခွင့်မပေးတော့ဘဲ နေ့စဉ် ရေလမ်းကြောင်းဖြင့် ရေဖြူမြို့နယ်ရှိ စစ်သင်တန်းကျောင်းကို ပို့ဆောင်နေကာ မိသားစုဝင်များနှင့်လည်း […] The post ထားဝယ်၊ မုံရွာနှင့် ရမည်းသင်း မြို့နယ်တို့တွင် စစ်တပ်က စစ်မှုထမ် အပတ်စဉ် ၂၁ အတွက် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းများသို့ ပို့ဆောင် appeared first on Khit Thit Media .