Credit to Popular Journal - ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင်ကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ နိုင်ငံဝောာ် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသား ကိုယ်စားလှယ်(၈) ဦးနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မုခ်ဦးအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ယာယီသမ္မတနှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များ၊ ဧည့်သည်တော်များသည် ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြခန်းတစ်ခုချင်းစီအား လှည့်လည်ကြည့်ရှုခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် […] The post ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အား စက်ခလုပ်နှိပ်ဖွင့်လှစ် appeared first on Popular .