လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက်

Credit to Popular Journal - ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင်ကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်တက်ရောက်လာသည်။ အဆိုပါ လူငယ်ကိုယ်စားလှယ်များမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက်အဖွဲ့များမှ လူငယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs)မှ လူငယ်ကိုယ်စားလှယ်များ၊ JMC မှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ စာပေနှင့် ဂီတအနုပညာရှင် လူငယ်ကိုယ်စားလှယ်များ ဖြစ်ကြောင်းသိရသည်။ အဆိုပါလူငယ်ကိုယ်စားလှယ်များသည် (က) ငြိမ်းချမ်းရေး အသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း၊ (ခ) လက်နက်ကိုင် ပဋိပက္ခများရပ်တန့်ရေးနှင့် […] The post လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ တက်ရောက် appeared first on Popular .