လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်

Credit to Popular Journal - လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်သည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” ယနေ့ခေတ်လူငယ်တွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့အပြင် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်ပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမယ့်သူတွေဖြစ်လို့ လူငယ်အားလုံးဟာ နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် လူငယ်များ၏အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာတွေးခေါ်မြှော်မြင်နိုင်သည်နှင့်အမျှ နိုင်ငံ တော်နှင့် လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင်တည်ဆောက်နိုင်မည်ဟု ပြောသည်။ ထို့အတူ လူငယ်များ၏လိုအပ်ချက်နှင့် သဘောထားများကိုသိရှိနားလည်ပြီး ယခုကဲ့သို့ ဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး လူငယ်များ၏မှန်ကန်သည့် အတွေးအမြင်နှင့် ခံစားချက်၊ ယုံကြည်ချက်၊ ခံယူချက်များသည် နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်များဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော […] The post လူငယ်အားလုံးသည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ် appeared first on Popular .