သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

Credit to Popular Journal - သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ၌လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် (၅၀၀)ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား မြန် မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ထံပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs . Prabashini Ponnamperuma တို့မှ ဆန်တန်ချိန်(၅၀၀) သယ်ယူပို့ဆောင်မည့်ကွန်တိန်နာများအားကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။ Photo-Ko Aung Myint The post သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း appeared first on Popular .