တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ

Credit to Popular Journal - တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လက်နက် ကိုင်ပဋိပက္ခများရပ်တန့်ပြီး နိုင်ငံရေးပြဿနာအား နိုင် ငံရေးနည်းလမ်းဖြင့် ကျေလည်အောင်ဖြေရှင်းကြရမည်ဟု ပြောသည်။ ” သို့သော် လက်ရှိအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်တက်နေဆဲဖြစ်ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေဆောင်ရွက်ရာမှာ ရှေ့ကိုမရောက်နိုင်ဘဲ […] The post တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ appeared first on Popular .