မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယက ဥက္ကဋ္ဌတင်မြှောက်ပွဲ အခမ်းအနား တက်ရောက်

Credit to Popular Journal - နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ကတ္တမန္ဒူးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယကဥက္ကဋ္ဌ တင်မြှောက်ပူဇော်သည့်အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် အဓိကဧည့်သည်တော်အဖြစ် ပညာရေးနှင့် သိပ္ပံနည်းပညာဝန်ကြီး Honorable Mr. Mahabir Pun က မိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာသံအမတ်ကြီးက အထူးဧည့်သည်တော်အဖြစ် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ရာတွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် Bhikkhu Bodhisen Mahasthavir အား နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယကဥက္ကဋ္ဌအဖြစ် တင်မြှောက်ပူဇော်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပူဇော်ပါကြောင်းနှင့် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်အဖြစ် ကြီးလေးသော တာဝန်ကိုထမ်းဆောင်ပြီး သာသနာ့အကျိုး ဆထက်သယ်ပိုးနိုင်ပါစေကြောင်း စသည်ဖြင့် ထည့်သွင်း လျှောက်ထားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် သံဃာတော်များ၊ အစိုးရအဖွဲ့ဝင်များ၊ သံရုံးကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာဝင် […] The post မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယက ဥက္ကဋ္ဌတင်မြှောက်ပွဲ အခမ်းအနား တက်ရောက် appeared first on Popular .