ရန်ကုန်-ပြည်လမ်းရှိ စစ်တပ် စခန်းများနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် ညအချိန် လမ်းအသုံးပြုခွင့် ပိတ်ပင်ရန်ရှိနေကာ လုံခြုံရေး အထူးတင်းကျပ်လာ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်းရှိ အကြမ်းဖက် စစ်တပ် စခန်းများနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် ညအချိန် လမ်းပိုင်း သွားလာခွင့် ကန့်သတ်ရန်ရှိနေကာ လုံခြုံရေး အထူးတင်းကျပ်လာကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ပြီး ရန်ကုန်-ပြည်လမ်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများနှင့် ကင်းစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက် ဝင်ရောက် တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်တပ်က ရန်ကုန်-ပြည်လမ်းတွင် ညအချိန် သွားလာခွင့် ကန့်သတ်ရန်နှင့် မသင်္ကာသည့် ကားများကို ပစ်မိန့်ပေးရန်ရှိနေကြောင်း၊ လုံခြုံရေး အထူးတင်းကျပ်ရန် ညွှန်ကြားထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ထိုသို့ လမ်းပိုင်းသွားလာခွင့် […] The post ရန်ကုန်-ပြည်လမ်းရှိ စစ်တပ် စခန်းများနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် ညအချိန် လမ်းအသုံးပြုခွင့် ပိတ်ပင်ရန်ရှိနေကာ လုံခြုံရေး အထူးတင်းကျပ်လာ appeared first on Khit Thit Media .