အထက်မင်းလှတွင် ကပစ ၁၀ မှ ဗိုလ်မှူး မြတ်သူ ဦးဆောင်သော အဖွဲ့က လူငယ် ၇ ဦးထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီး၊ မော်လမြိုင်တွင်လည်း စစ်မှုထမ်းရန်အတွက်ဟုဆိုကာ လူငယ်အမျိုးသမီးစာရင်းများ လိုက်လံကောက်ယူနေ

ရန်ကုန်၊ ဇန်နဝါရီလ ၁၄ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် စစ်တပ်က လူငယ် ၇ ဦးထက်မနည်းကို စစ်မှုထမ်းစေခိုင်း ရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ အထက်မင်းလှမြို့နယ်၊ မလွန်မြို့၊ တောင် ဦးကျေးရွာနှင့် ညောင်ပင်သာဂိတ်တို့တွင် အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ- ကပစ ၁၀ မှ ဗိုလ်မှူး မြတ်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့အပါအဝင် ရဲ၊ ပျူစောထီးများ ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကပစ ၁၀ ကာကွယ်ရေးပစ်စည်းစက်ရုံကဗိုလ်မှူး မြတ်သူ ၊ ဒုမြို့နယ်မှူး၊ ပသစ ၊ ရဲ ထွေအုပ်တို့ ပေါင်းပြီး […] The post အထက်မင်းလှတွင် ကပစ ၁၀ မှ ဗိုလ်မှူး မြတ်သူ ဦးဆောင်သော အဖွဲ့က လူငယ် ၇ ဦးထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီး၊ မော်လမြိုင်တွင်လည်း စစ်မှုထမ်းရန်အတွက်ဟုဆိုကာ လူငယ်အမျိုးသမီးစာရင်းများ လိုက်လံကောက်ယူနေ appeared first on Khit Thit Media .