စစ်ရှောင်အများပြားရှိရာ ကရင်နီအနောက်ခြမ်းတွင် မြေဈေးနှင့် မြေရောင်းဝယ်မှုမြင့်တက်

စစ်ဘေးရှောင်များက ကာလတို၊ ကာလရှည်နေထိုင်ရန် ဝယ်ယူမှုအပြင် မြေဈေးကွက်တစ်ခုအဖြစ် ကရင်နီပြည် ပြင်ပမှ ငွေကြေးတတ်နိုင်သူများက ဝယ်ယူမှုများရှိနေသည်ဟု သိရသည်။ ထို့အပြင် ရန်ပုံငွေရှာဖွေနိုင်ရန် ထိုမြေယာများကို တော်လှန်ရေးအဖွဲ့ဝင်များလည်း ဝယ်ယူရောင်းချမှုရှိကြောင်း သိရသည်။