ရန်ကုန်၊ ဇန်နဝါရီ ၁၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ခုကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို ရွာပြင်ပေးမထွက်တော့ဘဲ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်အစောပိုင်း ကြို့ပင်ကောက်မြို့နှင့် ၁ မိုင်ခန့်သာ ကွာ ဝေးသော ရန်ကုန်-ပြည်လမ်း အနီးရှိ ရှမ်းကွင်းကျေးရွာလမ်းဆုံတွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကွင်းရွာ၊ ကံကြီးရွာနှင့် ကံလေးရွာများကို […] The post ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာ ၃ ခုကို ဝင်ရောက် စီးနင်းကာ ရွာလုံးကျွတ်ပြည်သူများကို ဖမ်းဆီးထား appeared first on Khit Thit Media .