ရန်ကုန်၊ ဇန်နဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးကို လမ်းချဲ့မည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က လမ်းမကြီးဘေးရှိ နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၁၆ သိန်း ကောက်ခံပြီး ငွေကြေးမပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နှင့် ကွေ့ကြီးရပ် ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးကိုလမ်းချဲ့၍ ရေဆိုးမြောင်းများ လုပ်ဆောင်မည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်၊ စည်ပင် နှင့် ကန်ထရိုက်များက လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် ရေဆိုးမြောင်း လုပ်ဆောင်ခြင်းကို အောင်ချမ်းသာရပ်ကွက်နှင့် ကွေ့ကြီးရပ်ကွက် တောင်ဘက်ခြမ်းရှိ ကန်သာယာ ရေကန်ဘက်ခြမ်းတွင် စတင်လုပ်ဆောင်နေပြီး စည်ပင်က သတ်မှတ်ထားသော မြောင်းပြုလုပ်မည့် ဧရိယာအတွင်းရှိ စိုက်ပျိုးထားသော […] The post မုံရွာတွင် ဗိုလ်ချုပ်လမ်းကို ချဲ့ထွင်မည်ဟုဆိုကာ စစ်တပ်က လမ်းမဘေးရှိ နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၁၆ သိန်း ကောက်ခံနေပြီး ငွေမပေးသူများကို ဖမ်းဆီးမည်ဟု ခြိမ်း ခြောက် appeared first on Khit Thit Media .