ထိုင်ဝမ်နှင့်ယူအက်စ် ၁၅၅ မမ အမြောက်ကျည်များပူးတွဲထုတ်ရန်စတင်

Credit to Popular Journal - ဇန်နဝါရီ ၁၃ တရုတ်အစိုးရ၏ စစ်ရေးဖိအားပေးမှုများ မြင့်တက်လာခြင်းနှင့် ပြင်းထန်သော ပဋိပက္ခများအတွင်း ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်နိုင်သည့် အခြေအနေများအားရည်မှန်းလျက် ထိုင်ဝမ်ကျွန်းသည် စစ်အတွင်း ခဲယမ်းမီးကျောက် လုံလောက်မှုရှိစေရန်အတွက် အမေရိကနှင့်ပူးပေါင်းကာ ၁၅၅ မမ (၆.၁ လက်မ) အမြောက်ကျည်များကို ပူးတွဲထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုင်ဝမ်အစိုးရနှင့် အမေရိကန်အစိုးရတို့သည် ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကျည် အမျိုးအစားသစ်ကို ကနဦးအဆင့် ပူးတွဲထုတ်လုပ်မှု စတင်နေပြီဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်ဝင်ရှီယန်က ယူကရိန်းစစ်ပွဲသည် လက်နက်ကိုင်ပဋိပက္ခတစ်ခုအတွင်း ခဲယမ်းမီးကျောက်များ အဆက်မပြတ်ရရှိနိုင်ရေး မည်မျှအရေးကြီးကြောင်းပြသနေသည်ဟု လွှတ်တော်တွင် ထောက်ပြပြောဆိုခဲ့ပါသည်။ “ကာကွယ်ရေးပိုင်း ကြံ့ခိုင်မှုရှိစေဖို့နဲ့ ယူကရိန်းစစ်ပွဲမှာ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေဟာ အသုံးအများဆုံး […] The post ထိုင်ဝမ်နှင့်ယူအက်စ် ၁၅၅ မမ အမြောက်ကျည်များပူးတွဲထုတ်ရန်စတင် appeared first on Popular .