Credit to Popular Journal - ဂွမ်းမွေးအရည်အသွေးမြင့် ဝါမျိုးများထုတ်လုပ်ရန်အတွက် စပ်မျိုးဝါမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဇီဝနည်းပညာအသုံးပြု၍ ဝါမျိုးသစ်များထုတ်လုပ်ရန် မြန်မာ – ပါကစ္စတန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ ပိုးမွှားဒ-ဏ်နှင့် ရာသီဥတုပြောင်းလဲမှုဒ-ဏ်ကို ခံနိုင်ရည်ရှိသော ဂွမ်းမွေးအရည်အသွေးမြင့် ဝါမျိုးများထုတ်လုပ်ရန်အတွက် စပ်မျိုးဝါမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဇီဝနည်းပညာအသုံးပြု၍ ဝါမျိုးသစ်များထုတ်လုပ်ခြင်း၊ နို့စားကျွဲမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အသားထွက်ပစ္စည်းထုတ်လုပ်မှုနှင့် စျေးကွက်ချဲ့ထွင်ခြင်း ဆိုင်ရာနည်းပညာများအပါအဝင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ The post အရည်အသွေးမြင့်ဝါမျိုးများ ထုတ်လုပ်ရန် မြန်မာ – ပါကစ္စတန် နှစ်နိုင်ငံဆွေးနွေး appeared first on Popular .