ခွင့်ပြုချက်မရှိဘဲ သံရုံးများ/အဖွဲအစည်းများနှင့် လျှိဝှက်စွာတွေ့ဆုံခြင်းကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲဝင်တို့အား ဥပဒေနှင့်အညီအရေးယူမည်ဟု UEC ထုတ်ပြန်

Credit to Popular Journal - ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့အား ဥပဒေနှင့်အညီအရေးယူမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ယနေ့ ဇန်နဝါရီ ၁၄ ရက်ကထုတ်ပြန်ခဲ့သည်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့သည် UEC ထံခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်တွေ့ ဆုံခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် သံရုံးများ/အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာတွေ့ဆုံလျက်ရှိကြောင်းသိရှိရသဖြင့် UEC ထံတင်ပြခွင့်ပြုချက်ရရှိမှသာတွေ့ဆုံရန်နှင့် ခွင့်ပြုချက်မရရှိဘဲတွေ့ဆုံပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ နှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း UEC ၏ ၂၀၂၅ ခုနှစ်၊ […] The post ခွင့်ပြုချက်မရှိဘဲ သံရုံးများ/အဖွဲအစည်းများနှင့် လျှိဝှက်စွာတွေ့ဆုံခြင်းကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲဝင်တို့အား ဥပဒေနှင့်အညီအရေးယူမည်ဟု UEC ထုတ်ပြန် appeared first on Popular .