မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း(၃) အတွက် ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ဆွေးနွေး

Credit to Popular Journal - မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ လာမည့်ရွေးကောက်ပွဲအပိုင်း(၃) ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အပါအဝင် တာဝန်ရှိသူများနှင့် တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း(၂) ကျင်းပခဲ့သည့် မြို့နယ်များ မှ အားနည်းချက်၊အားသားချက်များကိုလည်းကောင်း၊ ဆက်လက်ကျင်းပမည့်အပိုင်း(၃) အတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း(၃) ကို လာမည့် ဇန်နဝါရီ(၂၅)ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက (၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ The post မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း(၃) အတွက် ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ဆွေးနွေး appeared first on Popular .