Credit to Popular Journal - ဒေသခံ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်တွင် ပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှု ကြောင့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏ သတင်းများကို အချိန်နှင့်တပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။ တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် […] The post တပ်မတော်စစ်ကြောင်းများက မန္တလေး-သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများနှင့် နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိ appeared first on Popular .