Credit to Popular Journal - မြဝတီမြို့တွင်ရောက်ရှိနေသည့် တရားမဝင်ပြည်ပနိုင်ငံသားများပြည်နှင်လွှဲပြောင်းရေးဆွေးနွေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဗန်ကောက်မြို့အခြေစိုက် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် တရုတ်သံရုံးတို့မှ သံအမတ်ကြီးများ၊ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့က သီးခြားစီတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၊ မြဝတီမြို့သို့အကြောင်းအမျိုးမျိုးဖြင့် တရားမဝင်ရောက်ရှိနေသည့် ပြည်ပနိုင်ငံသားများအား အမြန်ဆုံးနှင့်အပြီးသတ်ပြည်နှင်လွှဲပြောင်းရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတို-က်ဖျ-က်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ The post ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးနှင့် ဗန်ကောက်မြို့အခြေစိုက် ပြည်ပသံရုံးအကြီးအကဲများတွေ့ဆုံ appeared first on Popular .