မန္တလေးတွင်ထမင်းပေါင်းအိုးအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ Level 1 အဆင့်မီးလောင်မှု ဖြစ်ပွား ၊နေအိမ်(၇)လုံးဆုံးရှုံးခဲ့

Credit to Popular Journal - မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ ဇန်န ဝါရီ ၁၄ ရက်ညနေ ၅ နာရီ ၂၆ မိနစ်ခန့်က နေအိမ်တစ် လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နေ အိမ်(၇)လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ၈၂ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ထမင်းပေါင်အိုးတည် ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှမီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအ သင်းဝင်များမှ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းသည့်နေအိမ်အ ပါအဝင် နေအိမ်(၇)လုံးပျက်စီးဆုံးရှုံးခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ The post မန္တလေးတွင်ထမင်းပေါင်းအိုးအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ Level 1 အဆင့်မီးလောင်မှု ဖြစ်ပွား ၊နေအိမ်(၇)လုံးဆုံးရှုံးခဲ့ appeared first on Popular .