Credit to Popular Journal - နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များပေါကြွယ်ဝစေရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၄ ရက်မွန်းလွဲပိုင်းက ကျင်းပသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များမဖြစ်မနေလိုအပ်လျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ခရိုင်မြို့များ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကိုဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ အထိုက်အလျောက်အောင်မြင်မှုများရှိလာပြီဖြစ်၍ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများသင်ကြားပေးရန်စီစဉ်နေသည်ဟု ပြောသည်။ ” အဲဒီလို သင်ကြားပေးတဲ့အတွက် နိုင်ငံတော်အတွက်လိုအပ်တဲ့ လူသားအရင်းအမြစ်တွေများစွာရရှိလာမှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတကပြောသည်။ […] The post နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်းများကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် appeared first on Popular .