Credit to Popular Journal - ကယားပြည်နယ်တွင် လက်နက်ကိုင်အကြမ်းဖက် အဖျက်မှောင့်လုပ်ငန်းများ ပေါ်ပေါက်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။ အခက်ခဲများကို ကြံ့ကြံ့ခံရင်း ဒေသပြန်လည်အေးချမ်းတည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ပညာရေးကဏ္ဍ၊ကျန်းမားရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီဂကို စနစ်တကျ ပြန်လည်တည်ဆောက်ထူထောင်ပေးပြီး ဒေသခံပြည်သူများ ၏ နေ့စဉ်ဘဝအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ယာယီသမ္မတက ပြောသည်။ ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားကို ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိကယားပြည်နယ်သည် ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ အချိန်တိုတိုအတွင်း ပြန်လည်ရောက်ရှိနေပြီး ဆက်လက်၍လည်း တိုးတက်အောင်မြင်မှုများ ရှိစေရန် နိုင်ငံတော်မှ ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်း ယာယီသမ္မတက ပြောသည်။ မိမိတို့ […] The post ကယားပြည်နယ်သည် ပြန်လည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ် အချိန်တိုတို အတွင်း ပြန်လည်ရောက်ရှိနေပြီဖြစ် appeared first on Popular .