အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်း ဗဟိုဘဏ်ထုတ်ရောင်းပေး

Credit to Popular Journal - ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ တိရိစ္ဆာန်အစာ ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့၊ FX Trading Platform တွင်  အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့သည်။ ထို့ပြင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်တွင်အသိပေးထားသည်။ The post အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်း ဗဟိုဘဏ်ထုတ်ရောင်းပေး appeared first on Popular .