တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်

Credit to Popular Journal - တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ သံအမတ်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသော သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ ၎င်း၏သံအမတ်ခန့်အပ်လွှာအား ဇန်နဝါရီ ၁၄ ရက်ကပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ ၎င်း၏သံအမတ်ခန့်အပ်လွှာအား တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Hong Lei ထံပေးအပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၁၃ ရက်က တရုတ်နိုင်ငံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The post တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ် appeared first on Popular .