Credit to Popular Journal - ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှဦးစီးကာ “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ခေါင်းစဉ်ဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) တတိယနေ့ကို နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ဆက်လက်ကျင်းပလျက်ရှိသည်။ အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်ကိုယ်စားလှယ်ပေါင်း ၃၂၀ မှ ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ် (၁၀) ခုဖြင့် ၁၃၊ ၁၄၊ ၁၅ (၃) ရက်တိုင်တိုင် ဆွေးနွေးလျက်ရှိသည်။ ၁၃ရက်မှ စတင်ကျင်းပခဲ့သော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် […] The post လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့ စတင် ကျင်းပ appeared first on Popular .