Credit to Popular Journal - ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ခရီးသည်တင်ရထားတွဲသုံးတွဲပေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံးကရိန်းတစ်ခု ပြု-တ်ကျခဲ့သောကြောင့် ရထားလမ်းချော်ခဲ့ပြီး လူ ၂၅ ဦးထက်မနည်းေ-သဆုံးကာ ၈၀ ခန့် ဒ-ဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဘန်ကောက်အရှေ့မြောက်ဘက် ၁၄၃ မိုင်အကွာရှိ နာခွန်ရတ်ချာသီမာပြည်နယ် ဆစ်ခီယိုခရိုင်တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားသည်မြို့တော်မှ ဥဘုံရတ်ချထာနီပြည်နယ်သို့ ခုတ်မောင်းနေခြင်းဖြစ်သည်။ “လက်ရှိမှာ ေ-သဆုံးဦးရေ ၂၅ ဦးရှိသွားပါပြီး နောက်ထပ်ရုပ်အလေ-ာင်းတွေကို ဆက်ရှာနေဆဲပါ” ဟု ရဲဗိုလ်မှူးကြီး ထတ်ချာဖွန် ချင်နာဝေါင်က ရို-က်တာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ ရထားပေါ်တွင် လူ ၁၉၅ ဦးလိုက်ပါခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန်ကပြောဆိုခဲ့ပြီးဖြစ်စဉ်ကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရန် သူအမိန့်ပေးထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ေ-သဆုံးသူများသည် ကရိန်းပြု-တ်ကျခဲ့သော ရထားတွဲသုံးတွဲအနက် နှစ်တွဲပေါ်မှလူများဖြစ်ကြကြောင်းလည်း ၎င်းက ပြောသည်။ အမြန်ရထားလမ်းစီမံကိန်းတစ်ခုတွင် လုပ်ငန်းဆောင်ရွက်နေသော ကရိန်းပြိုကျကာ […] The post ထိုင်းမှာ ရထားပေါ် ကရိန်းပြု-တ်ကျ၍ လူ ၂၅ ဦးထက်မနည်း ေ-သဆုံး appeared first on Popular .