မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်လာကြောင်း မော်လိုက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရှိရသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုန်းကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော မိုးကောင်းရွာမဲရုံအတွက် တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက မော်လိုက်ခရိုင်အမှတ် ၄ တပ် ရင်းမှ ရဲဘော်များ၏ ကူညီမှုဖြင့် သေနတ် ၃ လက်၊ ခဲယမ်းများနှင့်အတူ အလင်း ဝင်လာကြောင်း သိရှိရသည်။ အဆိုပါ စစ်မှုထမ်းတပ်သား ၃ ဦးမှာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများဖြစ်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်တပ်ဘက်မှ […] The post မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင် appeared first on Khit Thit Media .