တိုင်းရင်းသားလက်နက်ကိုင်များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့

ရန်ကုန်၊ ဇန်နဝါရီ ၁၅ မြန်မာနိုင်ငံရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့ ပြောဆိုပြန်သည်။ ၇၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ပေးပို့စာတွင် အထက်ပါအတိုင်း အပြစ်ဖို့ ပြောဆိုလာခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ပါတီအာဏာရရေး မသမာမှုများ လုပ်ကိုင်ခဲ့၍ စစတပ်က တာဝန်ယူခဲ့ရကြောင်း၊ ယင်းအခြေအနေအပေါ် အခွင့်အကောင်းယူကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန်အတွက် လက်နက် ကိုင်လမ်းစဉ်ကို ကျင်သုံးခဲ့ကြပြီး နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ် ဆောင်ခဲ့ကြကြောင်း မင်းအောင်လှိုင်က ပြောသည်။ ယင်းအပြင် တချို့ […] The post တိုင်းရင်းသားလက်နက်ကိုင်များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့ appeared first on Khit Thit Media .