Credit to Popular Journal - ထရမ့်ပ်အစိုးရသည် ဇန်နဝါရီလ ၂၁ ရက်မှစ၍ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ခရီးသွားများအတွက် ဗီဇာလုပ်ငန်းစဉ်အားလုံးကို ဆိုင်းငံ့ရန် ပြင်ဆင်နေကြောင်း Fox News က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏မှတ်တမ်းကို ကိုးကား၍ ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။ သတင်းတွင်ဖော်ပြချက်အရ ဆိုမာလီယာ၊ ရုရှား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ နိုင်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံတို့သည်လည်း ဆိုင်းငံ့ခံရသော နိုင်ငံများတွင် ပါဝင်နေသည်။ သတင်းတွင် ဖော်ပြခဲ့သော မှတ်တမ်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက လတ်တလောတွင် တုန့်ပြန်ခြင်းမရှိသေးဘဲ ဌာနက ၎င်း၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်အကဲဖြတ်နေစဉ်တွင် လက်ရှိဥပဒေအရ ဗီဇာများကို ငြင်းပယ်ရန် အမေရိကန်သံရုံးများကို ညွှန်ကြားထားကြောင်း Fox News က ပြောကြားခဲ့ပြီး ဆိုင်းငံ့ကာလကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်နှစ် […] The post နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ဗီဇာလုပ်ငန်းစဉ်ကို အမေရိကဆိုင်းငံ့မည် appeared first on Popular .