ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို အိမ်စီးကားများဖြင့် လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် ရောင်းချနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အင်း၀အိမ်ရာ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့် ပျူစောထီးများက ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်း အိမ်စီးကားများဖြင့် လှည့်လည်ကာ လူ ငယ်များကို အိမ်စီးကားပေါ်သို့ အတင်းအကျပ် ဆွဲတင်၍ စစ်မှုထမ်းစုဆောင်းကြောင်း၊ စုဆောင်းရရှိသော လူငယ်များကို စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များ၊ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းရမည့် မိသားစုများအတွက် လူစားထိုးအဖြစ် ရောင်းချနေကြောင်း၊ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ်တစ်ဦးလျှင် […] The post ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် စီးပွားဖြစ် ရောင်းချနေ appeared first on Khit Thit Media .