မြန်မာနိုင်ငံအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြော

Credit to Popular Journal - ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများအရေးနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တန်ပြန်လျှောက်လဲချက်များပေးရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ ယနေ့ ဇန်နဝါရီ ၁၅ရက်က အထက်ပါအတိုင်းပြောကြားခဲ့သည်။ ဂမ်ဘီယာနိုင်ငံဘက်မှ လျှောက်လဲချက်များကို နေ့စဥ်နှင့်အမျှ အသေးစိတ်ပြုစုလျှောက်လဲခဲ့ပြီး ၎င်းတို့၏ လျှောက်လဲချက်များတွင် မိမိတို့အားစွတ်စွဲထားသည့် လူမျိုးသုဥ်းစေသည်ဆိုခြင်းကို ဘက်ပေါင်းစုံမှ ရှာဖွေလျှောက်လဲသွားကြသည်ဟု ပြောသည်။ “ပြောရမယ်ဆိုရင်တော့ ဆရာတော်ကြီးတွေကိုယ်တိုင် ဒီဖြစ်စဥ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး လျှောက်လဲခဲ့ကြတာရှိပါတယ်။ တစ်ဘက်ကသူတို့အလုပ်ကိုသူတို့လုပ်သွားကြတယ်။ ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုကိုယ်လုပ်သွားကြမှာပါ” ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောသည်။ ထို့ကြောင့် တရားရင်ဆိုင်ရာတွင် နှစ်ဖက်အားပြိုင်ကြရကာ သူ့ဘက်ကိုယ့်ဘက်အနိုင်ရမည့်အချက်များကို ရှာဖွေကြိုးစားပြီးဖော်ထုတ်ကြသကဲ့သို့ မိမိဘက်မှအားနည်းချက်များကိုလည်း ရအောင်ကာကွယ်ကြခြင်းဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မည်သို့ပင်ဖြစ်စေ အကောင်ဆုံးဖြစ်စေရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။ The post မြန်မာနိုင်ငံအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြော appeared first on Popular .