Credit to Popular Journal - အပိုင်း (၁) ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဘင် ဂါလီ (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ ဒီဖြစ်စဥ်မှာ လူမျိုးတုံးသ-တ်ဖြ-တ်မှု (Genocide) ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသ-တ်ဖြ-တ်မှု တားဆီးရေးနှင့် ပြစ်ဒ-ဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို မြန်မာနိုင်ငံက ဖေ-ာက်ဖျ-က်တယ်ဆိုပြီး စွဲဆိုတာပါ။ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အစီရင်ခံစာတွေကို အခြေခံပြီး စွဲချက်တွေတင်သွင်းခဲ့ပါတယ်- (က) ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် […] The post ICJ တွင် ဂမ်ဘီယာက မြန်မာနိုင်ငံအားလူမျိုးတုံးသ-တ်မှု စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည့်လမ်းကြောင်းနှင့်လက်ရှိအခြေအနေ appeared first on Popular .