ထိုင်းနိုင်ငံ၊ ချွန်ပူရီတွင် မြန်မာအလုပ်သမားများ လိုက်ပါသော ကြို/ပို့ယာဉ် တိမ်းမှောက်​ပြီး မြန်မာ ၄၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်တွင် မြန်မာအလုပ်သမားများလိုက်ပါသော ကြို/ပို့ယာဉ် တိမ်းမှောက်​ပြီး မြန်မာနိုင်ငံသား ၄၂ ဦးဒဏ်ရာရရှိကြောင်း ထိုင်သတင်းများအရ သိရှိရသည်။ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ချွန်ပူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ကြို/ပို့ယာဉ်တစ်စီးမှာ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား အမျိုး သား ၂၆ ဦးနှင့် အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အမျိုးသမီး ၁ ဦးမှာလည်း ယာဉ်အတွင်း ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ကယ်ထုတ်ခဲ့ရကြောင်း သိရှိရသည်။ မြန်မာအလုပ်သမား ၄၂ ဦးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးခေါင်းကွဲအက်ဒဏ်ရာများနှင့် ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ […] The post ထိုင်းနိုင်ငံ၊ ချွန်ပူရီတွင် မြန်မာအလုပ်သမားများ လိုက်ပါသော ကြို/ပို့ယာဉ် တိမ်းမှောက်​ပြီး မြန်မာ ၄၂ ဦးဒဏ်ရာရ appeared first on Khit Thit Media .