လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ကဏ္ဍအလိုက် ဆုချီးမြှင့်

Credit to Popular Journal - ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင်ကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏‌နောက်ဆုံးနေ့တွင် လူငယ်များကွန်ရက်အလိုက် အဆိုပြုချက်များအပေါ် လူငယ်အချင်းချင်းမဲပေးဆုံးဖြတ်ခဲ့ကာ တတ်သိပညာရှင်များမှသုံးသပ်၍ ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ယခု လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပလျက်ရှိသော (၃) ရက်တာအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များသည် အဖွဲ့‌ (၄) ဖွဲ့ဖြင့် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးအဖြေရှာဖော်ထုတ်ကာ ကွန်ရက်အလိုက် စီမံချက်အဆိုပြုချက်များ တင်ပြခဲ့ကြသည်။ အဆိုပါ အဆိုပြုချက်များထဲမှ အဖွဲ့ (၄) အစိမ်းရောင်အသင်းသည် ရမှတ် ၁၆၈ မှတ်ဖြင့် သတင်းအချက်အလက်နည်းပညာသက်ရောက်မှုများ (IT) ၊ ဉာဏ်ရည်တုနည်းပညာ (AI) စနစ်ထူထောင်ရေး၊ ဆိုက်ဘာ (Cyber) ၊ Online Security ၊ လူမှုကွန်ရက် (Social Media) နှင့် […] The post လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ကဏ္ဍအလိုက် ဆုချီးမြှင့် appeared first on Popular .