Credit to Popular Journal - ဝါရှင်တန်ကသာ တို-က်ခိုက်လာပါက အမေရိကန်စစ်အခြေစိုက်စခန်းများကို တို-က်ခိုက်သွားမည်ဟု အိမ်နီးချင်းနိုင်ငံများကို တေရန်က သတိပေးထားကြောင်း အီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းများမှ အချို့ဝန်ထမ်းများကို အမေရိကန်ပြည်ထောင်စုက ပြန်ရုပ်သိမ်းလျက်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အီရန်ခေါင်းဆောင်ပိုင်းသည် အစ္စလာမ်မစ်သမ္မတနိုင်ငံ ရင်ဆိုင်ခဲ့ဖူးသမျှတွင် အဆိုးဝါးဆုံးဖြစ်နေသော ပြည်တွင်းမငြိမ်သက်မှုများကို နှိမ်နင်းရန်ကြိုးပမ်းနေရသောကြောင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများဘက်မှ ဝင်ရောက်စွက်ဖက်မည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အကြိမ်ကြိမ် ခြိမ်းခြောက်လာမှုများကို ဟန့်တားရန်လည်း တေရန်က ကြိုးပမ်းနေသည်။ ဒေသတွင်း တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်းရှိ အဓိကစစ်စခန်းများမှ ဝန်ထမ်းအချို့ကို ပြန်လည်ခေါ်ယူနေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အီရန်ကို အမေရိက က တို-က်ခိုက်လာနိုင်သောကြောင့် ဗြိတိန်သည်လည်း ကာတာရှိ လေတပ်အခြေစိုက်စခန်းမှ ဝန်ထမ်းအချို့ကို ပြန်လည်ရုပ်သိမ်းနေသည်ဟု ဗြိတိသျှမီဒီယာများက သတင်းဖော်ပြခဲ့သည်။ […] The post အီရန်လက်တုန့်ပြန်မည်ဆို၍ ကန်စစ်အခြေစိုက်စခန်းဝန်ထမ်းများပြန်ခေါ် appeared first on Popular .