Credit to Popular Journal - ဇန်နဝါရီ ၁၅ တရုတ်စစ်တပ်သည် အမျာသုံးဆိုက်ဘာရပ်ဝန်းမှ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးသတင်းများကိုစုဆောင်းရန်အတွက် ကွမ်တမ်နည်းပညာကို အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) က စမ်းသပ်ဆဲ ကွမ်တမ်ဆိုက်ဘာစစ်ဆင်ရေး ကိရိယာ ၁၀ မျိုးထက်မကမှာ “တီထွင်ဆဲအဆင့်” တွင်ရှိနေပြီး၊ ၎င်းတို့အနက် အများအပြားကို “ရှေ့တန်းစစ်ဆင်ရေးတာဝန်များတွင် စမ်းသပ်လျက်ရှိသည်” ဟု သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါစီမံကိန်းကို နိုင်ငံတော်ကာကွယ်ရေးနည်းပညာတက္ကသိုလ် (အန်ယူဒီတီ) ရှိ စူပါကွန်ပျူတာဓာတ်ခွဲခန်းတစ်ခုက ဦးဆောင်လျက်ရှိပြီး ကလောက်ပေါ်အခြေခံတွက်ချက်ခြင်း၊ ဉာဏ်ရည်တု (အေအိုင်) နှင့် ကွမ်တမ်နည်းပညာတို့ကို အဓိကထားဆောင်ရွက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကွမ်တမ်ကွန်ပျူတာစနစ်သည် စစ်မြေပြင်ရှိ အချက်အလက်အမြောက်အမြားကို စက္ကန့်ပိုင်းအတွင်း တွက်ချက်နိုင်မည်ဖြစ်ရာ ၎င်းက တပ်မှူးများအနေဖြင့် ဆုံးဖြတ်ချက်များချရန်နှင့် အရင်းအမြစ်များကို ခွဲဝေချထားရန် အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ကွမ်တမ်အာရုံခံနိုင်စွမ်းနှင့် တည်နေရာရှာဖွေခြင်းနည်းပညာများသည် […] The post တရုတ်က ကွမ်တမ်စစ်ဆင်ရေးလက်နက် ၁၀ မျိုးမက တီထွင်နေ appeared first on Popular .