ဘန်ကောက်လေထုညစ်ညမ်းမှု ဘေးမကင်းသော အဆင့်သို့ ပြန်ရောက်

Credit to Popular Journal - ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်ရှိ လေထုညစ်ညမ်းမှုသည် ဗုဒ္ဓဟူးနေ့တွင် ဘေးမကင်းသောအဆင့်တွင် ဆက်လက်တည်ရှိနေကာ နေရာအများအပြားတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အဆင့်သတ်မှတ်မှုသို့ ရောက်ရှိသွားကြောင်းနှင့် နယ်မြေအများအပြားတွင် အလွန်ချောမွတ်သော ဖုန်မှုန့်များကိုတွေ့ရှိခဲ့ကြောင်း အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး ဌာန၏ အဆိုအရ မြို့တွင်း ခရိုင်လေးခုတွင် ပီအမ် ၂.၅ အဆင့်သည် “အနီရောင်” ဇုန်အတွင်း တစ်ကုဗမီတာလျှင် ၈၀ မီလီဂရမ် ဝန်းကျင်တွင်ရှိပြီး ကျန်နေရာများမှာ နိုင်ငံလုံးဆိုင်ရာ ဘေးကင်းသော ကန့်သတ်ချက် ၃၇.၅ ကိုကျော်လွန်ကာ ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်တွင် ရှိနေပါသည်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ချက်ဒ်ချတ် ဆစ်တီပွန့်က အဆိုပါ ညစ်ညမ်းမှုသည် လွန်ခဲ့သည့် လေးရက်အတွင်း လေ၀င်လေထွက် လွန်စွာနိမ့်ပါးခြင်းကြောင့်ဟု သတ်မှတ်ထားကာ […] The post ဘန်ကောက်လေထုညစ်ညမ်းမှု ဘေးမကင်းသော အဆင့်သို့ ပြန်ရောက် appeared first on Popular .