ထိုင်းမှာ ကရိန်းပြိုကျပြန်၊ လူနှစ်ဦး ‌ေ-သဆုံး

Credit to Popular Journal - ဘန်ကောက်မြို့အနီးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က အဝေးပြေးလမ်းဆောက်လုပ်ရေးကရိန်းတစ်ခု ပြိုကျပြန်သဖြင့် လူနှစ်ဦး ထပ်‌ေ-သဆုံးရပြန်ကြောင်း သိရသည်။ အဆိုပါကရိန်းသည် ယမန်နေ့က လူ ၃၂ ဦး ‌ေ-သဆုံးခဲ့ရသည့် ကရိန်းပြု-တ်ကျမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော ဆောက်လုပ်ရေးကုမ္ပဏီပိုင်ပင် ကရိန်းပင်ဖြစ်ကြောင်း ထိုင်းအစိုးရဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။ အေအက်ဖ်ပီက အတည်ပြုထားသည့် ကားအရှိန်ထိန်း ဗီဒီယိုဖိုင်တစ်ခုအရ ဇန်နဝါရီလ ၁၅ ရက်တွင် ဧရာမကရိန်းပြိုကျမှုဖြစ်ပွားခဲ့စဉ် ဖုန့်မှုန့်များနှင့် အပျ-က်အစီးအပိုင်းအစများ ပြန့်ကျဲသွားခဲ့ပြီး အပျ-က်အစီးများကို ရှောင်ရှားရန်အတွက် ယာဉ်များရပ်တန့်လိုက်ရခြင်းနှင့် နောက်ပြန်ဆုတ်ခဲ့ရခြင်းတို့ဖြစ်ခဲ့သည်ကို တွေ့ရသည်။ နှစ်ရက်အတွင်း နိုင်ငံ၏ ဒုတိယမြောက် လူအ‌ေ-သအပျေ-ာက်ဖြစ်ခဲ့သော ကရိန်းပြိုကျမှုသည် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ဆက်စပ်သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖီဖတ်ရတ်ချာကစ်ပရာကန်က ပြောဆိုကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့က နာခွန်ရတ်ချာသီမာပြည်နယ်တွင် တရုတ်ကကျောထောက်နောက်ခံပေးထားသော […] The post ထိုင်းမှာ ကရိန်းပြိုကျပြန်၊ လူနှစ်ဦး ‌ေ-သဆုံး appeared first on Popular .