Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာအားကစားကွင်းတွင် လူဦးရေ ၂၀၀၀ ဆံ့သည့်မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေကြောင်း သိရသည်။ တည်ဆောက်မှုသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ထို့ပြင် မြသီတာဘောလုံးကွင်းကိုလည်း ပြန်လည်အဆင့်မြှင့်တင်လျက်ရှိကာ သတ်မှတ်စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးတို့အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ The post တောင်ဥက္ကလာတွင် လူဦးရေ ၂၀၀၀ ဆံ့သည့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေ appeared first on Popular .