ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်

Credit to Popular Journal - ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ပုဂ္ဂိုလ်များထံသို့ အိမ်တိုင်ရာရောက် သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့်ချီးမြှင့်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း အခမ်းအနားသို့ တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်များနှင့် မိသားစုဝင်များ၏ နေအိမ်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့ကြသည်။ သိပ္ပံကျော်စွာဘွဲ့များရရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ကလေးကျန်းမာပညာဌာန၊ ပါမောက္ခ/ဌာနမှူး (ငြိမ်း)၊ ပါမောက္ခ ဒေါက်တာ သိန်းသိန်းမြင့်အားလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ […] The post ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် appeared first on Popular .