Credit to Popular Journal - ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့က မဲပေးစက်ဖြင့် စမ်းသပ်မဲပေးနည်းကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အသုံးပြုပုံအသုံးပြုနည်းများ ရှင်လင်းပြသခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်း (၂၅၀) ခန့်က လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောက်မဲမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင်လည်း အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိ ကျောက်မဲမြို့နယ်တွင် လျာထားမဲရုံပေါင်း ၂၅ ရုံရှိကြောင်းသိရသည်။ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အပိုင်း (၁) နှင့် (၂) ကို ကျင်းပပြီးဖြစ်ကာ အပိုင်း (၃) ကို ဇန်နဝါရီ (၂၅) ရက်နေ့ ၌ ကျင်းပမည်ဖြစ်ကြောင်း […] The post ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး appeared first on Popular .