Credit to Popular Journal - အော့စ်လို၊ ဇန်နဝါရီ ၁၄ ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးဌာနသည် ဒိန်းမတ်နိုင်ငံ ဂရင်းလန်းတွင် ၎င်း၏ စစ်အင်အားကို တိုးမြှင့်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဒိန်းမတ်သည် ၎င်း၏နေတိုးမဟာမိတ်များနှင့် နီးကပ်စွာလုပ်ဆောင်နေပြီး ဂရင်းလန်းတစ်ဝိုက်တွင် စစ်အင်အားတိုးမြှင့်ချထားမှုကို ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်သည်။ ဝါရှင်တန်မှာ ကျင်းပတဲ့ ဒိန်းမတ်၊ ဂရင်းလန်းနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆွေးနွေးပွဲမတိုင်မီတွင် ယခုကဲ့သို့သော ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ “ရည်ရွယ်ချက်က ထူးခြားတဲ့ အာတိတ်အခြေအနေတွေအရ လုပ်ငန်းလည်ပတ်နိုင်စွမ်းကို လေ့ကျင့်ပေးဖို့နဲ့ အာတိတ်မှာ မဟာမိတ်အဖွဲ့ရဲ့ ခြေရာကို အားကောင်းစေဖို့၊ ဥရောပနဲ့ အတ္တလန္တိတ်တစ်ဖြတ်ကျော် လုံခြုံရေးနှစ်ခုစလုံးကို အကျိုးပြုဖို့ပါပဲ” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သင်္ဘောများ၊ လေယာဉ်များနှင့် စစ်သည်များကဲ့သို့သော စွမ်းရည်များထပ်မံတိုးလာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။ ဒိန်းမတ်နှင့် ၎င်း၏ နေတိုး […] The post ဒိန်းမတ် က ဂရင်းလန်းသို့ တပ်ကူ စေလွှတ် appeared first on Popular .