” ကျွန်တော်တို့မှာရှိတဲ့ အားနှစ်အားနဲ့ ဒီပွဲကိုမရရအောင်ကြိုးစားရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြော

Credit to Popular Journal - ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများအရေးနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တန်ပြန်လျှောက်လဲချက်များပေးရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ ယနေ့ ဇန်နဝါရီ ၁၅ ရက်က အထက်ပါအတိုင်းပြောကြားခဲ့သည်။ လက်ရှိအချိန်၌ ဖိအားအလွန်များပြားကာ လူပန်းစိတ်ပန်းဖြစ်နေသော်လည်း မိမိတို့တွင် အားနှစ်အားရှိကာ ပထမအားသည် မိမိတို့ရှေ့တွင်ရှိနေသော မြန်မာဆိုသည့် ဆိုင်းဘုတ်ဖြစ်ကာ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအားကိုယ်စားပြုပြီး ကမ္ဘာ့တရားခွင်သို့လာရောက်ရင်ဆိုင်နေရခြင်းဖြစ်ရာ မိမိတို့အနေဖြင့် လျော့ကျသွား၍မဖြစ်ဘဲ ယခုပွဲအား မရရအောင်ကြိုးစားရမည်ဆိုသောစိတ်ဓာတ်ဖြင့် လုပ်ဆောင်နေသည်ဟု ပြောသည်။ “ဒုတိယအားက ကျွန်တော်တို့ရဲ့နောက်မှာရှိတဲ့ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုဖြစ်ပါတယ်။ ဒီအားတွေနဲ့ဘဲ ကျွန်တော်တို့ဆက်လက်ရပ်တည်ပြီး ရင်ဆိုင်နေတာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောသည်။ ထို့ပြင် မကြာမီအချိန်တွင် မြန်မာနိုင်ငံဘက်မှ လျှောက်လဲရမည့်အပိုင်းကိုရောက်ရှိလာပြီဖြစ်၍ အရေးကြီးသောအပိုင်းသိုရောက်ရှိလာပြီဖြစ်ရာ မိဘပြည်သူများ၏ အားပေးထောက်ခံမှုကို မိမိတိုအနေဖြင့်များစွာမျှော်လင့်ကာ လက်ရှိအချိန်တွင်လည်း စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲအားပေးကြသဖြင့် […] The post ” ကျွန်တော်တို့မှာရှိတဲ့ အားနှစ်အားနဲ့ ဒီပွဲကိုမရရအောင်ကြိုးစားရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြော appeared first on Popular .