ရန်ကုန်၊ ဇန်နဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် မဲလက်မှတ်များ တင်ဆောင်လာသည့်ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၂ (5/ Commando Force) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ ထွက်လာသော စစ်တပ်၏ သံပြားကာကား ၃ စီးသည် မအူဂိတ်သို့ ဝင်ရောက်ပြီး လမ်းကင်းများယူကာ ကင်းပုန်းများ ဝပ်၍ တံတားဖြူအနီးတွင် ပြည်သူပိုင် ကားများထံမှ ဆက်ကြေးကောက်ခံခဲ့ကြောင်း သိရသည်။ […] The post မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် မဲလက်မှတ်များ တင်ဆောင်လာသည့်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး appeared first on Khit Thit Media .