ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေးမြို့နယ် စကခ (၁၉) လက်အောက်ရှိ ကျောင်းရွာစံပြကျေးရွာတွင် အခြေစိုက်သော ခမရ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၃ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန ၊ နည်းဗျူဟာ ၃၃ ၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ […] The post ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင် appeared first on Khit Thit Media .